iPhone iOS 11 အမြင့်တွေအတွက် iTune နဲ့  Data Transfer ခက်နေရင် Third Party ဖြစ်တဲ့ 3uTools ရှိနေပြီ။

Tutorials about 3uTools and iOS. A place for you to learn more about iOS.

Moderators: Lily Lee, jc_3u, Moderators

kristine
Posts: 349
Joined: 26 Oct 2016 17:47
like: 60

iPhone iOS 11 အမြင့်တွေအတွက် iTune နဲ့  Data Transfer ခက်နေရင် Third Party ဖြစ်တဲ့ 3uTools ရှိနေပြီ။

Postby kristine » 05 Dec 2017 18:01

iphonex.png


iOS user တွေအနေနဲ့  iPhone ကို Data transfer လုပ်တဲ့အခါမှာ iTune အနေနဲ့  အရင်နှစ်တွေထက် ပိုမိုခက်ခဲစွာ Data Transfer လုပ်လာရပါတယ်။ အဲ့လိုကြောင့် Third Party Tool တွေဖြစ်တဲ့ နာမည်ကြီး Tool အများစုဟာလဲ iOS update တွေဖြစ်လာတာနဲ့  အမျှ Data Transfer အတွက်အင်မတန်ခက်ခဲလာပါတယ်။ iTool အနေနဲ့  လိုင်စင် အခက်အခဲကြောင့် Tool Performance အပြည့်မရတာတွေဖြစ်တတ်ပါတယ်။ Appandora ၊ iSkysoft နှင့် Syncios တို့ လို tool တွေအနေနဲ့ ကတော့ iOS version တွေမြင့်လာတာနဲ့ အမျှ ပြည့်စုံတဲ့ Data ကူးယူမှုကိုမပေးနိုင်တော့ပါဘူး။ အဲ့ပြဿနာတွေကို iOS 11 အတွက် Data Trasfer အဆင်ပြေစေရန် နောက်ဆုံး Upgrade ဖြစ်တဲ့ 3uTools နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ 3uTools ကို အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်။

Download link: http://url.3u.com/zmAJjyaa

3utools2.png


အဲ့တော့ လုပ်ပုံလုပ်နည်းလေးတွေကို တစ်ဆင့်ချင်းဆီပြောပေးသွားပါမယ်။

ပထမအဆင့်

အဲ့လိုဖွင့်လို့ ပေါ်ပြီဆို ကိုယ့်ဖုန်းထဲမှာ ဘယ်လို Data တွေ ကို Transfer လုပ်နေတယ်ဆိုတာကို ကျွန်တော်တို့ မမြင်ရသေးပါဘူး။ ဒါကြောင့်
နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ User Phone နာမည်ပေါ်နေတဲ့ မြားလေးကိုထပ် နှိပ်လိုက်ပါ။

ပြီးရင်တော့အောက်ပါ ပုံအတိုင်းပေါ်လာပါလိမ့်မယ်။

ဒုတိယအဆင့်

ဒီအဆင့်မှာတော့ ကျွန်တော်တို့ အနေနဲ့  Data Transfer တွေကိုစတင်လုပ်ဆောင်ဖို့ ကိုလုပ်ဖို့ အတွက် Music Video အစရှိသဖြင့်ပုံတွေကို မြင်တွေ့ ရမှာပါ။ App ဆိုတဲ့နေရာမှာကတော့ Application တွေ install လုပ်လို့ ရနိုင်မှာဖြစ်ပြီး Photo,Music,Video and Book အစရှိသည်တို့ ကို လည်း Transfer လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီနေရာမှာကတော့ ဒီ Tool ရဲ့ အခြေခံသဘောတရားလေးတွေကို ပြောပြပေးချင်ပါတယ်။ Photo,Music and App အစရှိတဲ့ အပေါ်တွေကို click လုပ်လိုက်ရင် import ဆိုတာကိုအောက်ပါပုံ အတိုင်းမြင်ရမှာဖြစ်ပါတယ်။

အဲ့ import ရဲ့လုပ်ဆောင်ချက်ကတော့ ကိုယ်ထည့်သွင်းချင်တဲ့ Data transfer တွေကိုဖုန်းထဲထည့်ပေးတာဖြစ်ပါတယ်။ Export ကတော့ ဖုန်းထဲက Data တွေကို Computer ပေါ်ကိုပြန်ထုတ်ပေးတာပါ။ အဲ့တော့ တစ်ခုစမ်းပြပေးလိုက်ပါတယ်။
ပုံလေးထဲက အတိုင်းတစ်ဆင့်ချင်းလုပ်ကြည့်နို
င်ပါတယ်။

Step 2

image.png


Step 3

step2.png


Step 4

step4.png


ဒီ tool ရဲ့ support ကတော့ လက်ရှိ အမြင့်ဆုံး version တွေထိ အလုပ်လုပ်နေပါတယ်။ နောက်ပိုင်း update ဖြစ်လာမဲ့ OS တွေအတွက်ဆိုရင်တော့ ဒီ Tool ကို update လုပ်ရင်းနဲ့  iOS 11 ကို Data Transfer သာသာယာယာလုပ်နိုင်သွားမှာဖြစ်ပါတယ်။
နောက်လာမဲ့ Version Update တွေအတွက်လဲ ဒီ Offical Website မှာ ဒေါင်းနိုင်ပါတယ်။
Download Link ---------www.3u.com

Thanks to Kaung Myat
You do not have the required permissions to view the files attached to this post.

Return to “Tutorials”